Quantcast
Channel: Pyi Chit Thar
Viewing all articles
Browse latest Browse all 3754

ထောင်ပြေး မူးယစ်ဂိုဏ်းခေါင်းဆောင် ကို ဖမ်းဆီးပေးနိုင်သူ ကို ဒေါ်လာသုံးသန်းကျော် ပေးမည်

$
0
0

Mexico's interior minister said Monday that he'd fired the prison's director, and he vowed the government won't stop until Guzman is behind bars again. But right now, the cartel kingpin's whereabouts are anyone's guess.

Authorities investigate the tunnel that Joaquin "El Chapo" Guzman used to escape from a maximum-security prison.

မက္ကဆီကိုစီးတီး ၊ ၁၅-၇-၂၀၁၅

မက္ကဆီကိုနိုင်ငံ အတွင်းရှိ လုံခြုံရေး တင်းကျပ်စွာ ချထားသည့် အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက် သွားခဲ့သည့် မူးယစ်ဂိုဏ်း ခေါင်းဆောင် တစ်ဦးကို ဖမ်းဆီး ပေးနိုင်ပါက ဒေါ်လာ ၃ ဒသမ ၈ သန်း ချီးမြှင့် ပေးအပ်မည်ဟု အမေရိကန် အစိုးရက ထုတ်ပြန် ခဲ့ကြောင်း မီဒီယာ တစ်ခုက ယမန်နေ့ တွင် ဖော်ပြခဲ့သည်။

ဂျိုအာချင်ဂက်ဇ်မန်း အမည်ရှိ အဆိုပါ မူးယစ်ဂိုဏ်း ခေါင်းဆောင် သည် ဇူလိုင် ၁၁ ရက်က အကျဉ်းထောင် အတွင်း ၁ ဒသမ ၅ ကီလိုမီတာ အရှည်ရှိ ဥမင် လှိုဏ်ခေါင်း တစ်ခုကို တူးဖော် ခဲ့ပြီးနောက် ထွက်ပြေး လွတ်မြောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းကို ၂၄ နာရီအတွင်း မပြတ်မလပ် စောင့်ကြည့်နိုင်ရန် လုံခြုံရေး ကင်မရာများ တပ်ဆင်၍ စောင့်ကြည့် ခဲ့သော်လည်း ၄င်း မူးယစ် ခေါင်းဆောင်မှာ ယခုကဲ့သို့ လွတ်မြောက်ခဲ့ ရခြင်းသည် အကျဉ်းထောင်ရှိ ဝန်ထမ်းများ၏ ကူညီ ပေးမှုများ ပါဝင်မည် ဖြစ်ကြောင်း မက္ကဆီကို ပြည်ထဲရေး ဝန်ကြီးဌာန က ယူဆလျက် ရှိသည်။

ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ဂက်ဇ်မန်း ကို ပြန်လည် ဖမ်းဆီးနိုင်ရန် နိုင်ငံ တစ်ဝန်းတွင် ပိတ်ဆို့မှုများ ပြုလုပ်၍ ရှာဖွေလျက် ရှိကြောင်း သိရသည်။

၎င်းသည် Sinaloa မူးယစ်ဂိုဏ်းမှ ခေါင်းဆောင် ဖြစ်ပြီး ၂ဝဝ၁ ခုနှစ်အတွင်း ကလည်း လျှော်ဖွတ်မည့် အဝတ်အစားများ ထည့်သွင်းရာ ခြင်းတောင်း တစ်ခုအတွင်းသို့ ဝင်ရောက်၍ အကျဉ်းထောင်မှ ထွက်ပြေး လွတ်မြောက် ခဲ့ဖူးကြောင်း၊ ၄င်းကို မက္ကဆီကို အာဏာပိုင် များက ၂ဝ၁၄ ခုနှစ်က ပြန်လည် ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar


Viewing all articles
Browse latest Browse all 3754

Trending Articles